Blog

blog6

iSure မှာ Apple Device တွေဝယ်ရင်း အလွယ်ဆုံး Discount ဘယ်လိုရယူကြမလဲ

တကယ်လို့ သင်က iSure မှာ Apple Device တွေကို ပုံမှန်ဝယ်နေကြဆိုရင် ကျိန်းသေသိထားသင့်တဲ့ Program လေးတစ်ခုရှိပါတယ်။ ဒါကတော့ iSure ရဲ့ Digital Member Point Program လေးပဲဖြစ်ပါတယ်။ ဒီ Digital Member Point Program ဟာဆိုရင် သုံးတတ်ရင် သုံးတတ်သလောက်ကို နောက်ပိုင်း Apple Device တွေဝယ်တဲ့အချိန်မှာ ကိုယ့်အတွက် စျေးပိုသက်သာစေသလို Promotion တွေလည်း ရရှိနိုင်ဦးမှာပါ။

Digital Member Point Program က အလွယ်ပြောရမယ်ဆိုရင် iSure မှာ ဝယ်ယူလိုက်တဲ့ပမာဏပေါ်မှုတည်ပြီးတေ့ာ ဝယ်ယူသူတွေအနေနဲ့ Member ဝင်ရောက်မယ်ဆိုရင် Point တွေအနေနဲ့ ပြန်လည်ပေးအပ်ခြင်းပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် iSure မှာ iPhone လိုမျိုး ဝယ်ယူသွားပြီး နောက်ပိုင်းမှာ Cover တွေ၊ Accessories တွေနဲ့ Screen Guard တွေလိုချင်တယ်ဆိုရင် ငွေသားနဲ့လာရောက်ဝယ်ယူမယ့်အစား ကိုယ့်မှာရှိတဲ့ Digital Member Point တွေနဲ့ Exchange ပြုလုပ်ပြီး ရယူနိုင်မှာဖြစ်ပါတယ်။ 

ဒီလိုမျိုး Digital Member အနေနဲ့ ဝင်ရောက်ချင်တယ်ဆိုရင်လည်း အလွန်လွယ်ကူမှာဖြစ်ပါတယ်။ နည်းလမ်း (၂) မျိုးရှိပြီးတော့ ပထမဆုံးနည်းလမ်းကတော့ Apple Store မှာ iSure Digital Membership ဆိုတဲ့ Application ကို Download ဆွဲပြီး Register ပြုလုပ်တာပဲဖြစ်ပါတယ်။

ဒုတိယနည်းလမ်းကတော့ iSure ဆိုင်တွေမှာ ပစ္စည်းလာဝယ်တဲ့အချိန်မှာ တစ်ခါတည်း Register ပြုလုပ်တာပဲဖြစ်ပါတယ်။ ဆိုင်မှာ လာရောက်ပြုလုပ်မယ်ဆိုရင်တော့ တကယ်လို့ တစ်ခုခုသိရှိချင်တာ၊ မေးမြန်းချင်တာတွေကိုလည်း ဆိုင်ဝန်ထမ်းတွေကို မေးမြန်စုံစမ်းနိုင်မှာဖြစ်ပါတယ်။ 

တကယ်လို့ ဒီလိုမျိုး Application ကို အသုံးမပြုချင်ဘူးဆိုရင်လည်း “www.isure.eber.co” ဆိုတဲ့ Website မှာဝင်ရောက်ပြီး Register ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါက Apple Device မရှိနေရင် ဒါမှမဟုတ် ကွန်ပျူတာနဲ့အသုံးပြုချင်တဲ့သူတွေအတွက် အသုံးဝင်စေမှာပါ။ 

ဘယ်လိုပဲ iSure Digital Member Point Program ကို Register လုပ်လုပ်၊ အောင်မြင်သွားပြီဆိုတာနဲ့ iSure ကနေ Points 100 ကိုလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ကိုယ့်မှာရှိတဲ့ Points တွေကိုအသုံးပြုပြီး ဘယ်လိုမျိုး Discount တွေရရှိမလဲဆိုတာကို ပြောပြသွားပါမယ်။ 

iPhone, iPad, MacBook လို Devices တွေဝယ်တယ်ဆိုရင် ကျပ် တစ်သိန်းအထိ Discount ရရှိနိုင်မှာဖြစ်ပါတယ်။ AirPods နဲ့ AirPods Case တွေဝယ်တယ်ဆိုရင်တော့ ကျပ်တစ်သောင်းအထိ ရရှိနိုင်မှာဖြစ်ပြီးတော့၊ Apple Watch ဆိုရင် သုံးသောင်း၊ နောက်ပြီးတော့ Phone Repair Service ဆိုရင် နှစ်သောင်း၊ နောက်ပြီးတော့ Phone Accessories လေးတွေ၊ Cover လေးတွေ၊ Screen Guard လေးတွေ လိုချင်တယ်ဆိုရင်လည်း ဝယ်စရာမလိုတော့ဘဲ ဒီ Member Points လေးတွေနဲ့ Exchange လုပ်ပြီးတော့ ရယူနိုင်သွားမှာပဲဖြစ်ပါတယ်။ 

iSure Digital Member Points တွေဟာ Expired Date မရှိတဲ့အတွက် ကိုယ့်ဆီမှာရှိတဲ့ Points တွေကို မသုံးဖြစ်ဘူးဆိုရင်လည်း သိမ်းဆည်းထားနိုင်မှာပါ။ တစ်ခုရှိတာကတော့ Apple Device တွေဝယ်ယူတဲ့အချိန်မှာ ရရှိထားတဲ့ Points တွေကိုတော့ ချက်ချင်းအသုံးပြုနိုင်ဦးမှာမဟုတ်သေးဘဲ နောက်တစ်ကြိမ်လာရောက်ဝယ်ယူတဲ့အချိန်မှပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး iSure ကနေ ပြုလုပ်ပေးနေတဲ့ Digital Member Point Program ဟာ ကိုယ်တိုင် Apple Device တွေကို အမြဲတမ်းမဝယ်ယူဖြစ်နေရင်တောင် သူငယ်ချင်းတွေ၊ မိတ်ဆွေ၊ မိသားစုတွေအတွက် ဝယ်ပေးချင်တာပဲဖြစ်ဖြစ်၊ သာမန် Accessory တစ်ခုခုကို လက်ဆောင်ပေးချင်တယ်၊ ငွေသားလည်း အသုံးမပြုချင်တဲ့သူတွေအတွက် အလွန်အဆင်ပြေစေမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် iSure မှာ Apple Device တွေဝယ်ယူပြီး ကိုယ့်အတွက် Discount တွေရနိုင်မယ့်အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ Member Register ပြုလုပ်လိုက်ပါလို့ပဲ ညွှန်းချင်ပါတယ်။

Older

ကိုယ့် Workspace မှာ Monitor Arm ရှိနေတာက ဘာတွေအားသာချက်ရှိနိုင်မလဲ

Newer

မနက်လာယူ၊ ညနေပြန်အပ် Repair Service

Start typing to see products you are looking for.
Shopping cart
Sign in

No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09969911666

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။