Blog

blog switcheasy pen

iPad အတွက် ပိုကောင်း၊ ပိုတန်တဲ့ SwitchEasy EasyPencil Pro 3 ကို စမ်းသပ်သုံးစွဲကြည့်ခြင်း

Apple iPad တွေမှာ အသုံးပြုဖို့အတွက် Pencil လို့ပြောလိုက်တာနဲ့ Apple Pencil ကို ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် Apple Pencil 2nd Gen ဟာ ကိုယ့်အတွက် စျေးနှုန်းမြင့်မားနေတယ်ဆိုရင် Function နဲ့ Feature အတူတူနီးပါးသုံးနိုင်မယ့် Pencil လေးတစ်ခုရှိပါတယ်။ 

ဒါကတော့ နာမည်ကြီး SwitchEasy Brand ကနေ ထုတ်ပေးထားတဲ့ EasyPencil Pro 3 Stylus Pencil ပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း အလွန်သက်သာပြီး Apple Pencil 2nd Gen နဲ့ ယှဥ်ရင် ဘယ်လိုမျိုးကွာခြားသလဲ၊ ဘယ်လိုမျိုး Feature တွေ သုံးနိုင်မလဲဆိုတာကို စမ်းသပ်ထားသမျှကို ပြန်လည်ဝေမျှပေးသွားပါမယ်။

အရင်ဆုံးအနေနဲ့ ဒီ SwitchEasy EasyPencil Pro 3 ကို Packing ကအစ သေချာလေးလုပ်ပေးထားတာကို တွေ့ရပါတယ်။ ဘူးခွံမှာဆိုရင်လည်း အသုံးပြုနိုင်တဲ့ Feature တွေ၊ Support ပြုလုပ်တဲ့ iPad Model တွေကအစ ရေးထားပေးထားကြောင့် တော်တော်လေးကို အသုံးပြုဖို့အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ 

ဒါတင်မဟုတ်သေးဘဲ ဘူးထဲမှာဆိုရင် EasyPencil Pro 3 အပြင် USB-A to USB-C Charging Cable ၊ Extra Pencil Tip တစ်ခုကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် နောက်ပိုင်း Pencil Tips က ပုံဆွဲရတာအဆင်မပြေတော့ဘူးဆိုရင်လည်း အလွယ်လဲလှယ်နိုင်တာက အားသာချက်တစ်ခုဖြစ်မှာပါ။

Quality ပိုင်းကို ကြည့်မယ်ဆိုရင် တကယ်လို့ မျက်လုံးပိတ်ထားပြီး Apple Original Pencil 2nd Gen နဲ့ ယှဥ်ကိုင်ကြည့်မယ်ဆိုရင် ခွဲခြားဖို့ ခက်ခဲရလောက်တဲ့အထိကို ပုံစံရော၊ လက်က ကိုင်ထားရတဲ့ Texture ပိုင်းအရပါ အတူတူနီးပါးဖြစ်နေစေမှာဖြစ်ပါတယ်။ ကွာခြားတဲ့အချက်ကတော့ EasyPencil Pro 3 က လက်ထဲမှာ ကိုင်ထားရတာ ပိုပေါ့ပါးနေတာဖြစ်ပြီး တကယ်လို့ Pencil ကို ပေါ့ပေါ့ပါးပါးကိုင်ရတာကြိုက်တယ်ဆိုရင် သဘောတွေ့စေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပေါ့ပါးနေတာကလည်း Aviation-grade Lightweight Premium Aluminum ကိုယ်ထည်ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ 

Design ပိုင်းအရလည်း Apple Pencil 2nd Gen နဲ့ ဆင်တူပြီးတော့ Pencil နောက်ဖက်ထိပ်မှာ SwitchEasy Logo နဲ့ USB-C Charging Port ပါဝင်တာပဲ ကွာခြားသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး USB-C Charging Port ပါဝင်တာကြောင့် ပြန်လည်အားသွင်းတဲ့အချိန်မှာ တော်တော်လေးကို လွယ်ကူသွားမှာဖြစ်ပါတယ်။ 

SwitchEasy EasyPencil Pro 3 ကို စတင်အသုံးပြုဖို့အတွက်ကတော့ Power ဖွင့်လိုက်ပြီး iPad Setting ထဲမှာရှိတဲ့ Draw Only With Apple Pencil ကို Off ထားလိုက်တာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Bluetooth တွေ၊ App တွေအသုံးပြုစရာမလိုတာကြောင့် လုံးဝ Plug & Play Experience ကို ရရှိနိုင်တာက အားသာချက်ဖြစ်မှာပါ။

EasyPencil Pro 3 ဟာ Feature တွေအနေနဲ့ Palm Rejection ၊  Tilt Sensitivity တွေကို Support ပြုလုပ်ထားသလို High Accuracy ဖြစ်တာကြောင့် Apple Original Pencil အတိုင်းပဲ တိတိကျကျ ပုံဆွဲတဲ့နေရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iPadOS ရဲ့ Feature အသစ်တွေဖြစ်တဲ့  Scribble ကိုလည်း အသုံးပြုနိုင်သလို ProCreate အပါအဝင် Professional App တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ထပ် Feature တွေအနေနဲ့ကတော့ iPad Pro ၊ iPad Air လိုမျိုး iPad တွေမှာ Magnetic အနေနဲ့ Attach ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Apple Pencil 2nd Gen လိုမျိုးတော့ ပြန်လည်အားသွင်းပေးမှာမဟုတ်ပါဘူး။

Battery Life အနေနဲ့လည်း SwitchEasy EasyPencil Pro 3 ဟာ ၁ နာရီအားသွင်းထားတာနဲ့ ၁၀ နာရီဆက်တိုက်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Battery အားကို ချွေတာဖို့အတွက်လည်း ၅ မိနစ်ခန့် အသုံးမပြုဘဲနေလိုက်တာနဲ့ Auto Sleep ဖြစ်သွားမှာပါ။ 

ဒါကတော့ အခုနောက်ပိုင်း လူစိတ်ဝင်စားမှုအလွန်များပြားလာတဲ့ SwitchEasy Brand ကနေ ထုတ်ပေးထားတဲ့ EasyPencil Pro 3 ကို စမ်းသပ်ကြည့်ပြီး User Experience ကို မျှဝေပေးထားတာဖြစ်ပါတယ်။ ကိုယ်က တကယ်အကောင်းဆုံးဆိုတဲ့ Experience ကို လိုချင်တယ်၊ Apple Original မှဆိုရင်လည်း Apple Pencil ကိုပဲ ဝယ်နိုင်သလို သာမန်လောက်ပဲ ပုံဆွဲဖို့နဲ့ တခြားရုံးသုံး၊ Notes မှတ်ဖို့အတွက်ဆိုရင် ဒီ SwitchEasy EasyPencil Pro 3 က တကယ်ကို ပေးရတဲ့စျေးနဲ့တန်တဲ့ Product တစ်ခုလို့ ပြောရမှာပါ။

Older

iSure is an Apple Authorized Reseller now.

Newer

Smart TV Box

Start typing to see products you are looking for.
Shopping cart
Sign in

No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09969911666

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။