iPhone All Fine Promotion မှာတော့ iPhone အဟောင်းလေးတွေ ဖြစ်တဲ့ iPhone 6 ကနေစပြီး iPhone 8 Plus Model တွေအထိ ပါဝင်မှာ ဖြစ်ပါတယ်။ Promotion လေးကိုတော့ Spare Part လက်ကျန်ရှိသည်အထိ ခံစားနိုင်မှာဖြစ်ပြီး Service ပြုပြင်မည့် ကြာချိန်ကိုတော့ ဖုန်းတစ်လုံးလုံးကို စစ်ဆေးပြီးမှ သိရှိနိင်မှာ ဖြစ်ပါတယ်။ Motherboard ပြုပြင်ရန် လိုအပ်သည့် iPhone Model လေးများကိုပါ Promotion နဲ့ပြုပြင်နိုင်မှာ ဖြစ်ပြီး Motherboard ပြုပြင်လို့ အဆင်မပြေတဲ့ iPhone လေးတွေအတွက်တော့ All Fine Promotion ခံစားခွင့် ရှိမှာ မဟုတ်ပါဘူး။ ဖုန်းတစ်လုံးလုံးကို ပုံမှန် အသုံးပြုရတာ အဆင်ပြေတဲ့အထိ ပြုပြင်ပေးသွားမှာဖြစ်ပြီး Warranty ကိုလည်း LCD, Battery, Main Camera, Front Camera, Docking, Power/ Volume Flex, Main Speaker, Ear Speaker, Home Flex, Taptic Engine လဲလှယ်ခြင်းများအတွက် ( ၆ ) လ၊ Motherboard ပြုပြင်ခြင်းနှင့် အပေါ်မှန်သီးသန့် လဲလှယ်ခြင်းများအတွက် ( ၃ ) လ ခံစားနိုင်မှာ ဖြစ်ပါတယ်။
- Camera လဲလှယ်မှုမှာတော့ Focus မပြတ်ခြင်း၊ သိသာသောအမဲစက်များ အများအပြား ရှိနေခြင်း၊ ဓါတ်ပုံရိုက်လျှင် အရည်အသွေး မကောင်းခြင်းနှင့် ဖွင့်မရခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။
- Speaker လဲလှယ်မှုမှာတော့ အသံအက်နေခြင်း၊ ပုံမှန်ထက်တိုးနေခြင်း၊ ဖွင့်မရခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။
- Docking လဲလှယ်မှုမှာတော့ အားသွင်းရတာ အဆင်မပြေခြင်းနှင့် Data Transfer Issue ရှိနေခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။
- Battery လဲလှယ်မှုမှာတော့ Battery Service ပြနေခြင်း၊ Battery ဖောင်းနေခြင်း၊ သိသိသာသာ အားကုန်မြန်ခြင်း များပါဝင်မှာ ဖြစ်ပါတယ်။
- LCD လဲလှယ်မှုမှာတော့ ရုပ်ထွက်ပိုင်း ပျက်စီးနေမှသာ လဲလှယ်မှုပေးသွားမှာ ဖြစ်ပါတယ်။
- Body Cover လဲလှယ်မှုမှာတော့ အသေးအမွှားပွန်းပဲ့ခြင်း၊ ဆေးကျွတ်ခြင်းများမှလွဲပြီး အခြား Body ပိုင်း ထိခိုက်မှုများရှိမှသာ လဲလှယ်မှုပေးသွားမှာ ဖြစ်ပါတယ်။