Professional Creator တွေ
တကယ်အလုပ်ခွင်မှာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ကွန်ပျူတာတစ်လုံးရှိလာလို့ ပိုပြီး Productive ဖြစ်စေနိုင်တဲ့ Professional Creator တွေအတွက် ဒီ M1 Pro ၊ M1 Max MacBook Pro တွေက ကျိန်းသေပေါက် အလိုအပ်ဆုံးဖြစ်မှာပါ။

Performance ပိုင်းတင် အကောင်းဆုံး MacBook တွေဖြစ်နေတာမဟုတ်ဘဲ Display ပိုင်း၊ Speaker ၊ Mic လိုမျိုး Audio ပိုင်းတွေ၊ အလုပ်လုပ်တဲ့အချိန်မှာ ကျိန်းသေကောင်းမွန်တဲ့ Experience ကို ပေးစွမ်းနိုင်ဖို့ လိုအပ်တဲ့ Keyboard ၊ Track Pad အကုန်လုံးက ထိပ်တန်း အဆင့်ရှိနေမှာဆိုတော့ ကိုယ့်အလုပ်အတွက် အကောင်းဆုံး Laptop လိုအပ်နေတယ်ဆိုရင် စဥ်းစားသင့်ပါတယ်။
Photo/Video Editor တွေ
MacBook Pro 14-inch နဲ့ MacBook Pro 16-inch မှာ ပထမဆုံးအနေနဲ့ mini-LED Display နည်းပညာကို အသုံးပြုထားတဲ့ Liquid Retina XDR Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခု Display ဟာ အမြင့်ဆုံး 1,600 nits Brightness အထိရရှိနိုင်သလို 1,000,000:1 Contrast Ratio ၊ Wide Color (P3) ကိုလည်း Support ပေးထားတာကြောင့် Edit ပြုလုပ်တဲ့အချိန်မှာ Color မမှန်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Video Edit ပြုလုပ်တဲ့သူတွေအတွက်လည်း 120Hz ProMotion ပါဝင်တာကြောင့် Video Timeline တွေကို Browse ပြုလုပ်တဲ့အချိန်၊ Playback ပြုလုပ်တဲ့အချိန်မှာ ပိုပြီး Smooth ဖြစ်မှာပါ။



အကောင်းဆုံး Entertainment Laptop ကိုရှာနေတဲ့သူတွေ
MacBook Pro 14-inch နဲ့ 16-inch မှာပါဝင်တဲ့ Liquid Retina XDR Display ဟာ လက်ရှိ Laptop Display အားလုံးထဲမှာ အကောင်းဆုံးလို့တောင် ပြောနိုင်နေတာဖြစ်ပါတယ်။ Display ပိုင်းတင် အကောင်းဆုံးဖြစ်နေတာမဟုတ်ဘဲ Spatial Audio ကို ထောက်ပံ့ပေးနိုင်တဲ့ Six-speaker System ပါဝင်မှာကြောင့် Dolby Atmos ကို Support ပြုလုပ်တဲ့ရုပ်ရှင်တွေကြည့်မယ်ဆိုရင် တကယ့် Portable Theater တစ်ခုလိုမျိုးပါ ခံစားရစေမှာပါ။

Video Conferencing အမြဲလုပ်နေရတဲ့သူတွေ
MacBook Pro 14-inch နဲ့ 16-inch တွေမှာ တခြား MacBook တွေနဲ့ မတူညီတဲ့အဆင့်မြှင့်တင်မှုတစ်ခုရှိပါတယ်။ ဒါကတော့ 1080p Camera ကိုပြောင်းလဲအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ ဒီအတွက် Video Conferencing ပြုလုပ်နေတဲ့အချိန်မှာ ယခင်ထက် Resolution ပိုကောင်းသလို Low-light Performance ပိုင်းမှာလည်း ၂ ဆ ပိုကောင်းမွန်စေမှာပါ။