Payment Plans

လစဥ်အရစ်ကျပေးသွင်းဝယ်ယူနိုင်သည့် Installment Plan များ

လစဥ်အရစ်ကျပေးသွင်း၍ ဝယ်ယူလိုသော Customer များအတွက် iSure မှ လွန်စွာလွယ်ကူရိုးရှင်းသော လုပ်ဆောင်ချက်များနှင့်အတူ အလွယ်တကူလျှောက်ထားခွင့် ရရှိနိုင်သည့် Installment အစီအစဥ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အရစ်ကျချိတ်ဆက်ဝယ်ယူနိုင်သည့် Installment အစီအစဥ်များအနေဖြင့်

  • AYA Simple Plan
  • Rent2Own Myanmar
  • MAHAR BAWGA FINANCE
AYA Simplepay 1

AYA Simple Plan

AYA Credit Card ဖြင့် လစဥ်အရစ်ကျပေးချေစနစ်ဖြစ်တဲ့ SimplePay Installment Plan သုံးမျိုးရှိပါတယ် ၊ (၆)လ၊ (၉)လ နှင့် (၁၂)လ တို့ဖြစ်ပါတယ်။
အနည်းဆုံး ငွေကျပ် (၁သိန်းခွဲ) မှ စတင်အသုံးပြုရမည်ဖြစ်ပြီး ကိုယ်ရွေးချယ်လိုက်တဲ့ Instalment Plan အလိုက် တစ်လလျှင် အတိုးနှုန်း ၁% ဖြင့် သာကျသင့်မှာဖြစ်ပါတယ်။
လစဥ်ကျသင့်သည့် သင့် credit card statement ကို လစဥ်ရှင်းတမ်းများတွင် ဖော်ပြထားမည်ဖြစ်ပြီး လစဥ်သတ်မှတ်ရက်မတိုင်ခင်ပေးဆပ်ရမှာဖြစ်ပါတယ်။

How to apply SimplePay Plan?

  • Credit card ဖြင့်ဝယ်ယူပြီး အရစ်ကျ စနစ်ဖြင့်ပြန်လည်ပေးသွင်းမည်ဆိုပါက AYA SimplePay phone No. 09 458588953/ 09 450215345 သို့ ရုံးဖွင့်ရက် (၉) နာရီ မှ (၅) နာရီ အတွင်းဆက်သွယ် အကြောင်းကြားဖို့လိုအပ်ပါတယ်။ ဝယ်ယူမှုကို SimplePay သို့ ပြောင်းလိုပါက Credit Card စာရင်းရှင်းတမ်း မထွက်မှီ အသိပေးရန်လိုပါတယ်။
  • Online မှတဆင့်လျှောက်ထားမည်ဆိုပါက https://simplepay.ayabank.com/

How to Apply Credit Card?

နီးစပ်ရာ AYA Bank များတွင် လိုအပ်သောအချက်အလက်များ ယူဆောင်ပြီးလူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

Requirements for Credit Cards
Credit Card လျှောက်ထားမည်ဆိုပါက - ကုပ္မဏီဝန်ထမ်းများအတွက်

  • Credit Card Form
  • မှတ်ပုံတင် မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ
  • လွန်ခဲ့သော (၃) လစာ Salary Pay Slip
  • (၆) လအတွင်းရိုက်ကူးထားသော Passport ဓာတ်ပုံ (၂) ပုံ
  • ထောက်ခံမည့်သူ (၂) ဦး၏ မှတ်ပုံတင် မိတ္တူ/လက်မှတ်

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်

  • Credit Card Form
  • မှတ်ပုံတင် မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • (၆) လအတွင်းရိုက်ကူးထားသော Passport ဓာတ်ပုံ (၂) ပုံ
  • ဘဏ်စာရင်းရှင်းတမ်း
  • လုပ်ငန်းရှုံး/မြတ်စာရင်း
  • ထောက်ခံမည့်သူ (၂) ဦး၏ မှတ်ပုံတင် မိတ္တူ/လက်မှတ်

အခြားဝင်ငွေအထောက်အထားများရှိပါက ဖော်ပြနိုင်ပါသည်။
(အထက်ပါလိုအပ်ချက်များမှာ AYA Bank ၏ လိုအပ်ချက်အတိုင်းသာဖြစ်ပါသည်၊ ပြောင်းလဲမှုများလည်းရှိနိုင်ပါသည်။)

Rent2Own Myanmar

Rent2Own Myanmar နှင့်ချိတ်ဆက်၍ iSure ဆိုင်တွင် iPhone, iPad, Apple Watch, iMac နှင့် MacBook များကို ၆လ မှ ၁၈လ အထိ အရစ်ကျစနစ်ဖြင့်၀ယ်ယူရရှိနိုင်ပါပြီ။

လတ်တလောတွင် R2O မှ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသည့်အတွက် ယခုအခါ R2O ဖြင့်ဝယ်ယူမှုများကို iSure Times City Branch တစ်ဆိုင်တွင်သာလက်ခံဆောင်ရွက်ပေးနေပါသည်။ အခြားသော အပြောင်းအလဲများရှိပါကလည်းအချိန်နှင့် တပြေးညီအသိပေးဖော်ပြပေးပါမည်။

How To Apply?

  • အရစ်ကျဝယ်ယူလျှောက်ထားလိုသူများအနေဖြင့် R2O Facebook Page/Hotline Phone Number မှတဆင့် ဆက်သွယ်မေးမြန်း၍ လျှောက်ထားရနိုင်သလို၊ iSure ဆိုင်ခွဲများတွင်လည်း လူကိုယ်တိုင်လာရောက်၍ လျှောက်ထားနိုင်အောင် စီစဥ်ပေးထားပါသည်။

Useful Contact Information

  • R2O သို့ဆက်သွယ်လိုလျင် Hotline No. 09 765 433822 အားဆက်သွယ်နိုင်ပါသည်။ Hotline No.အား ဆက်သွယ်၍မရရှိပါက ဤ Link တွင်ဖြည့်ပေးပြီး summit လုပ်ဆောင်ပါက R2O မှ ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။ Link - https://forms.gle/pB58wAKwPiAALqky6
  • iSure Hotline Phone Number များမှတဆင့်လည်း ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။
Requirements
လုပ်ငန်းလုပ်ဆောင်သော အမျိူးအစားအလိုက် စာရွက်စာတမ်းလိုအပ်ချက်များ အနည်းငယ်ကွဲပြားမှု ရှိနိုင်ပါသည်။ အဓိက လိုအပ်သောအချက်များကို ဦးစားပေးအနေဖြင့်ဖော်ပြရလျှင်
  • မှတ်ပုံတင် (မူရင်း)
  • သန်းခေါင်စာရင်း (မူရင်း)
  • ရပ်ကွက်ထောက်ခံစာ
  • အိမ်သုံးအခွန်စာရွက်တစ်မျိုးမျိုး (ဥပမာ- အနီးစပ်ဆုံးလအတွက် ပေးဆောင်ပြီးသောမီတာခွန်၊ ရေခွန်၊စသည်...)
* မှတ်ချက် * ရပ်ကွက်ထောက်ခံစာ မတင်ပြနိုင်ပါက ထောက်ခံသူ ၂ ဦး၏
  • မှတ်ပုံတင် (မူရင်း)
  • သန်းခေါင်စာရင်း (မူရင်း) တင်ပြရန် လိုအပ်ပါသည်။
လျှောက်ထားနိုင်သောမြို့များအနေဖြင့် ကန့်သတ်ထားမှုမရှိပါ။
Processing Time
  • ရုံးဖွင့်ရက်များအတွင်း လျှောက်ထားပြီး (၃) နာရီ မှ (၄) နာရီအတွင်း ဝယ်ယူခွင့်ပြုချက်ရရှိနိုင်ပါသည်။ (လျှောက်ထားသော အချက်အလက်ပြည့်စုံမှု နှင့် R2O ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။)
Approval Loan Amount
  • ကိုယ်ပိုင်ဝင်ငွေ၏ တစ်ဆ (သို့) တစ်ဆခွဲရှိသော ပမာဏရရှိနိုင်မည်ဖြစ်ပြီး ပထမဆုံးလျှောက်ထားမှုများအတွက် အများဆုံး ပမာဏအနေဖြင့် သတ်မှတ်ချက်များရှိနိုင်ပါသည်။ (R2O ၏ ဆုံးဖြတ်ချက်အတိုင်းသာ)
Down Payment Policy
  • မိမိဝယ်ယူမည့် Device ပမာဏအပေါ်မူတည်၍ Down Payment ပေးသွင်းမှုများကွဲပြားနိုင်ပါသည်။
  • အနည်းဆုံး (၃၀) ရာခိုင်နှုန်းမှစတင်ပေးသွင်းနိုင်ပါသည်။
Interest Rate
  • အတိုးနှုန်းထားနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက R2O ၏ Hotline No. 09 765 433822 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Remark
မှတ်ချက်။ ။ အထက်ပါဖော်ပြအချက်များအားလုံးသည် R2O မှ သတ်မှတ်ထားသော အချက်အလက်များသာ မှီငြမ်း၍ဖော်ပြထားခြင်းဖြစ်ပြီး အချိန်ကာလအလျောက်ပြင်ဆင်ပြောင်းလဲမှုများလည်း ရှိနိုင်ပါသည်။

MAHAR BAWGA FINANCE

iPhone, iPad, iWatch, iMac နှင့် MacBook များအား ၆လ၊ ၉လ၊ ၁၂လ အရစ်ကျ၀ယ်ယူနိုင်မည့် အစီအစဥ်

How To Apply?

  • အသေးစိတ်အချက်အလက်များကို Mahar Bawga Hotline No-09 68 520 1204 or 09 880 874 428  ဖုန်းများမှတဆင့် ဆက်သွယ်စုံစမ်း၍ ရနိုင်သလို ၊ iSure Facebook Page Messenger မှ တဆင့်လည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းလို့လည်းရနိုင် ပါသည်။
  • သို့တွင်သာမက လူကိုယ်တိုင်လာရောက်၍ iSure ဆိုင်ခွဲများတွင် လိုအပ်သော အချက်အလက်များအား ယူဆောင်လာပြီး installment plan အားလည်းရယူနိုင်ပါသည်။
Requirements
အဓိကလိုအပ်သော အချက်များကိုဦးစားပေးဖော်ပြရလျှင် -
  • မှတ်ပုံတင် (မူရင်း)
  • သန်းခေါင်စာရင်း (မူရင်း)
  • ဝန်ထမ်းကတ်
  • Letter Head ဖြင့်ထောက်ခံချက်
  • (၄)သိန်းနှင့်အထက်ကျော်သောအရစ်ကျချေးငွေများအတွက် လစာဘေလ်စလစ်
  • ရပ်ကွက်ထောက်ခံစာ (သို့) မီတာစာရွက်
  • SME လုပ်ငန်းများအတွက် - အခွန်ဆောင်ထားသောစာရွက်စာတမ်း
အာမခံမည့်သူလိုအပ်သောအချက်များ
  • မှတ်ပုံတင် (မူရင်း)
  • သန်းခေါင်စာရင်း (မူရင်း)
  • ဝန်ထမ်းကတ်
  • SME လုပ်ငန်းများအတွက် - အခွန်ဆောင်ထားသောစာရွက်စာတမ်း
လုပ်ငန်းလုပ်ဆောင်သော အမျိုးအစားအလိုက် စာရွက်စာတမ်းလိုအပ်ချက်များ အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။
Processing Time
  • အရစ်ကျဝယ်ယူရန် လျှောက်ထားပြီး (၃) နာရီ မှ (၄) နာရီ အတွင်း ခွင့်ပြုချက်ရရှိနိုင်ပါသည်။ (ရုံးဖွင့်ရက်များအတွင်းသာ)
(လျှောက်ထားသောအချက်အလက်များပြည့်စုံမှုနှင့် Mahar Bawga ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါသည်။)
Approval Loan Amount
  • ကိုယ်ပိုင်၀င်ငွေ၏ တစ်ဆ ( သို့ ) တစ်ဆခွဲရှိနိုင်ပါသည်။
(Mahar Bawga ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်သည်။)
Down Payment
  • မိမိ၀ယ်ယူမည့် Device အပေါ်မူတည်၍ Cash Down payment ပေးသွင်းမှုကွဲပြားနိုင်ပါသည်။
  • Cash Down Payment အနေဖြင့် အနည်းဆုံး ( ၂၀ ) ရာခိုင်နှုန်းမှ စတင်‌ပေးသွင်းနိုင်ပါသည်။
Interest Rate
  • အတိုးနှုန်းထားနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက MHBF ၏ Hotline No-09 68 520 1204 or 09 880 874 428 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Remark
မှတ်ချက်။ ။ အထက်ပါဖော်ပြအချက်များအားလုံးသည် Mahar Bawga မှ သတ်မှတ်ထားသော အချက်အလက်များသာ မှီငြမ်း၍ ဖော်ပြထားခြင်းဖြစ်ပြီး အချိန်ကာလအလျောက်ပြင်ဆင်ပြောင်းလဲမှုများလည်းရှိနိုင်ပါသည်။

KBZ Shopper Loan For KBZ Employee

KBZ Shopper Loan ဖြင့် iSure ဆိုင်ခွဲတိုင်းတွင် iPhone, iPad, Apple Watch, iMac နှင့် Macbook များကို ၁၂လ၊ ၁၈လ၊ ၂၄လ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပါပြီ။

How To Apply?

  • KBZ Pay application
  • Website Application
  • Shopper loan ကို KBZ pay မှတဆင့်လျှောက်ထားနိုင်ရန်အတွက် User အနေနဲ့ KBZ Pay ကို (Level -2) Upgrade လုပ်ထားပြီးသားဖြစ်ရန်လိုအပ်ပါသည်။
  • အကယ်၍ မိမိရဲ့ KBZ Pay က (Level -2 ) မဟုတ်ပါက နီးစပ်ရာ KBZ Bank များတွင် သွားရောက်အဆင့်မြှင့်နိုင်ပါသည်။
Requirements
  • လတ်တလောကာလအတွင်းရိုက်ကူးထားသောဓာတ်ပုံ
  • မှတ်ပုံတင် (ရှေ့/နောက်)
  • ရပ်ကွက်ထောက်ခံချက်/မိသားစုသန်းခေါင်စာရင်း
  • မီတာဘေလ် စလစ်
  • ပြီးခဲ့သော(၆)လအတွင်း လအလိုက်ရရှိထားသော ဝင်ငွေထောက်ခံချက်/မိမိရဲ့လစာပြေစာ(သို့)ဘဏ်စာရင်းရှင်းတမ်း(သို့) (၃)လအတွင်း အလုပ်ရှင်၏ထောက်ခံစာ
  • မိမိစာရင်းတင်ထားတဲ့လိပ်စာတွင် အထောက်အထားဖြစ်ရန်အတွက် ကိုယ်တိုင်နှင့်တကွရိုက်ထားသောပုံ
  • ပုံမှန်လစာရနေသူတစ်ဦးဖြစ်ရပါမည်။
  • တစ်လကိုအနည်းဆုံး ငွေကျပ် (၂၀၀,၀၀၀) ခန့်ပျမ်းမျှဝင်ငွေရှိရပါမည်။
  • အသက်(၂၀)မှ,အသက်(၆၀)အထိလျှောက်ထားနိုင်ပါသည်။
OPPORTUNITY
  • KBZ pay application မှလွယ်ကူလျှင်မြန်စွာလျှောက်နိုင်ခြင်း
  • သိန်း(၅၀)အထိချေးငွေရယူနိုင်ခြင်း
  • အာမခံသူမလိုအပ်ခြင်း
  • လက်ငင်းပေးချေရန်မလိုအပ်ခြင်း
  • အဆင်ပြေသောပြန်လည်ပေးဆပ်မှု
  • လျှောက်လွှာကြေးပေးရန်မလိုအပ်ခြင်း
Interest Rate
  • တစ်နှစ်လျှင် ၁၄.၅% (တစ်လလျှင် ၁.၂%) ကျသင့်မှာဖြစ်ပါသည်။ (KBZ Shopper Loan ၏ သတ်မှတ်ချက်အတိုင်းသာဖြစ်ပြီး ပြောင်းလဲမှုများရှိနိုင်ပါသည်။)
Approval Loan Amount & Requirements
  • လစဥ်ဝင်ငွေ၏ ၂ ဆနှင့်အထက်ရရှိနိုင်ပြီး ၊ အနည်းတစ်လလျှင်ဝင်ငွေ (၂) သိန်းကျပ်ရရှိယုံဖြင့်စတင် လျှောက်ထားနိုင်ပါ သည်။
Approval Time
  • အနည်းဆုံး ၂၄ နာရီ မှစတင်၍ ကြာမြင့်နိုင်ပါသည်။ (ပေးသွင်းသောအချက်အလက်မှန်ကန်မှုနှင့်သာသက်ဆိုင်ပြီး KBZ Shopper Loan ၏ ဆုံးဖြတ်ချက် အတိုင်းသာ ဖြစ်ပါသည်။)
Procedure
  • KBZ Shopper Loan ဖြင့်ချိတ်ဆက်ထားသည့် မည်သည့်ဆိုင်တွင်မဆိုဝယ်ယူနိုင်ပါသည်။
  • ဝယ်ယူခွင့်ပြုသည်နှင့် Approved Code (QR Code) ကိုရရှိမည်ဖြစ်ပြီး ဝယ်ယူလိုသောဆိုင်တွင် ထို Code ကို အသုံးပြုပြီး အချိန်အနည်းငယ်အတွင်း လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ မိမိဝယ်ယူမည့် အမျိူးအစားမှာ အရစ်ကျဝယ်ယူခွင့်ပြုသည့်ပမာဏထက်ပိုမိုများပါက လိုအပ်သော ပမာဏအား Cash Down Payment ပေးသွင်းရပါမည်။
  • ဝယ်ယူခွင့်ကျသော Approved Code အား (၁)လ အတွင်းသာအသုံးပြုနိုင်ပါသည်။
  • သတိပြုရန်အချက်အနေဖြင့် လစဥ်ပြန်လည်ပေးသွင်းရမည့်ရက်ထက်နောက်ကျခဲ့ပါက သတ်မှတ်ထားသော နောက်ကျကြေးနှုန်းထားများကိုပေးသွင်းရမည်ဖြစ်ပါသည်။
မှတ်ချက်။ ယခုလက်ရှိအရစ်ကျဝယ်ယူမှု့လျှောက်ထားခြင်းကို ခေတ္တယာယီရပ်နားထားပြီး KBZ Bank ဝန်ထမ်းများကိုသာ လျှောက်ထားခွင့်ပြုထား ပါသေးသည်။
  • အထက်ပါ Installment Plan များနှင့် ဝယ်ယူနိုင်သလို Visa / Master / Credit Card or Debit Card များဖြင့်လည်း iSure ဆိုင်ခွဲတိုင်းတွင် Convenience Fees (2.2%) နှင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။
  • ထိုကတ်အမျိုးအစားများနှင့် ဝယ်ယူခြင်းအားဖြင့် ဝယ်ယူလိုသော Apple Product များကို သက်ဆိုင်ရာဘဏ်အလိုက် သတ်မှတ်ထားသော နှုန်းထား၊ သတ်မှတ်ထားသော ရက်များအတွင်းတွင် အချိန်မှီပေးသွင်းပြီး အရစ်ကျဝယ်ယူသကဲ့သို့ လွန်စွာအဆင်ပြေသော ပေးချေဝယ်ယူမှုဖြစ်ပါသည်။
  • လိုအပ်သောအချက်အလက်များကိုလည်း သက်ဆိုင်ရာဘဏ်များသို့ လူကိုယ်တိုင်သော်လည်းကောင်း ၊ Bank hotline ဖုန်းနံပါတ်များသို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Installment Plan များနှင့် လွယ်ကူစွာဝယ်ယူနိုင်ရန်အတွက် ကျွန်တော်တို့ Customer Service မှ ရှင်းပြပေးရန်အဆင်သင့်ရှိနေပါတယ်။ Hotline Phone No. 09 969 911 666 ကို ရုံးချိန်အတွင်း (9:00) am မှ (8:00) pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

"သင့်ရဲ့ မေးမြန်းမှုများကိုဖြေကြားပေးဖို့ အမြဲအသင့်ရှိနေတဲ့ Online Customer Service"

Start typing to see products you are looking for.
Shopping cart
Sign in

No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09969911666

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။