အလုပ်လုပ်ပြီဆိုတာနဲ့ ဘယ်သူမှတော့ ကိုယ့်အတွက် သက်သောင့်သက်သာမဖြစ်တဲ့ Position နဲ့ Workspace တစ်ခုမှာ အလုပ်လုပ်ချင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက်ရော၊ Productivity ပိုင်းမှာရော ရေရှည်အထိ ထိန်းသိမ်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့ Working Environment ရှိနေဖို့ကလည်း အရေးကြီးပါတယ်။
ဒီလိုမျိုး ကောင်းမွန်တဲ့ Working Environment ဆိုတဲ့နေရာမှာ ကိုယ်အလုပ်လုပ်နေတဲ့ ကွန်ပျူတာ၊ စားပွဲ၊ ထိုင်ခုံနဲ့ အလင်းရောင်ရရှိမှုတွေကလည်း အရေးပါတဲ့နေရာမှာ ပါဝင်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် လူတွေသတိမထားမိတဲ့ ကျန်းမာရေးအတွက် အဓိကကျတဲ့အချက်တစ်ခုရှိနေပါတယ်။
ဒါကတော့ ကိုယ့်အနေနဲ့ အမြဲတမ်း မျက်လုံးကကြည့်နေရတဲ့ Display Monitor ပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Monitor ကို ကြည့်ရှုတဲ့အချိန်မှာ မျက်လုံးနဲ့ တပြေးတည်းရှိနေဖို့ လိုအပ်ပြီး ထိုင်နေတဲ့ပုံစံကလည်း ခါးကို တဖြောင့်တည်းမတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှပဲ အချိန်နာရီနဲ့ ချီပြီး အလုပ်လုပ်နေတဲ့အချိန်မှာ မျက်လုံးထိခိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ခါးနာခြင်းတွေကင်းဝေးပြီး အလုပ်ကိုလည်း သေချာအာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်။
ဒါက ပြုလုပ်သင့်တဲ့အချက်ဖြစ်ပေမယ့် အားနည်းချက်တစ်ခုက ရှိနေပြန်ပါတယ်။ ဒါကတော့ ဒီလိုမျိုး ခါးမတ်ပြီး အလုပ်လုပ်တဲ့အချိန်မှာ Monitor က မျက်လုံးနဲ့ တဖြောင့်တည်းမရှိနေတော့ပဲ အောက်ကို ငုံပြီး ကြည့်နေရသလိုဖြစ်နေတာပါ။ ဒါတင်မဟုတ်သေးဘဲ ကိုယ့်အတွက် စိတ်ကြိုက် Angle တစ်ခုကို ရရှိအောင်လည်း Monitor အများစုမှာပါဝင်တဲ့ Stand တွေက Support ပြုလုပ်ခြင်းမရှိပါဘူး။
ဒါကို ဖြေရှင်းဖို့အတွက်ကတော့ Monitor Arm ကို အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး Monitor Arm က ယခင်တုန်းကတော့ ဝယ်ယူရခက်ခဲသလို ကိုယ့် စိတ်ကြိုက် Angle ကို သုံးမရတာမျိုးတွေလိုမျိုး အားနည်းချက်တွေလည်းရှိနေတာကြောင့် လက်ရှိအချိန်အထိ အသုံးပြုသူနည်းပါးနေသေးတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ iSure မှာ အရည်အသွေးမြင့်မားတဲ့ iErgo Brand Monitor Arm တွေကို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Monitor နဲ့ Workspace ပေါ်မှုတည်ပြီး အရောင်ကို အဖြူ သို့မဟုတ် အနက်ရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ Monitor တစ်လုံးထဲမဟုတ်ဘဲ ၂ လုံးအသုံးပြုနေတဲ့သူတွေအတွက်လည်း Dual Monitor Arm ကိုပါ ရွေးချယ်နိုင်ပါတယ်။
ဒီလိုမျိုး Monitor Arm ကို အသုံးပြုလိုက်တဲ့ အားသာချက်တွေထဲက စစခြင်းသိသာတဲ့အချက်ကတော့ ကိုယ့်အလုပ်စားပွဲက သိသိသာသာကို ပိုရှင်းသွားစေမှာဖြစ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် ယခင်တုန်းက Monitor Stand က နေရာယူထားတဲ့အောက်ခြေနေရာကို လုံးဝရှင်းသွားစေမှာဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကိုယ့်စိတ်ကြိုက် Laptop ပဲဖြစ်ဖြစ်၊ စာအုပ်၊ နဲ့ တခြားသော ထားချင်တဲ့ပစ္စည်းတွေကို ထားထားလို့ရပြီဖြစ်ပါတယ်။
နောက်ထပ် သိသာတဲ့အားသာချက်ကတော့ ကိုယ့်ထိုင်ခုံကို ဘယ်လိုပဲ မြှင့်တင်ထားပါစေ၊ Monitor ကိုပါ မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်နေအောင် Eye Level မှာ စိတ်ကြိုက်အနိမ့်အမြင့် စိတ်ကြိုက်ပြောင်းလဲနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် တခြားသော Monitor တွေမှာ ပါဝင်တဲ့ Stand တွေလိုမျိုး အောက်ကို ငုံ့ပြီး ကြည့်နေရတာမျိုး ရှိတော့မှာမဟုတ်ပါဘူး။
ဒီလိုမျိုး အထက်နဲ့ အောက်တင် ရွေ့လို့ရတာမဟုတ်ဘဲ Monitor ကို Landscape တင်မဟုတ်ဘဲ Portrait အနေနဲ့ အသုံးပြုချင်တဲ့ Coder ၊ Programmer ၊ Streamer နဲ့ Gamer တွေအတွက်လည်း အဆင်ပြေစေမှာပါ။ နောက်ထပ်လည်း 180-Degree Rotation နဲ့ Monitor Arm ကို အရှေ့ကိုလည်း ဆွဲယူထားလို့ရတာကြောင့် တကယ်လို့ ကိုယ့် Monitor ကို ဘေးဘက်ကို ရွေ့ပြီး Presentation ပြုလုပ်ဖို့အတွက်လည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
ဒါတွေကတော့ Monitor Arm ကို အသုံးပြုတာကနေ ရလာမယ့် အားသာချက်တွေဖြစ်ပါတယ်။ နောက်ထပ် iErgo Brand Monitor Arm တွေကို အသုံးပြုတာကနေ ရနိုင်ဦးမယ့် အားသာချက်တွေကို ထပ်ပြီးပြောပြသွားပါတယ်။
ဒါကတော့ ပထမဆုံးအနေနဲ့ Monitor ကို တပ်ဆင်တဲ့အချိန်ပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှာ Monitor ကို အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်၊ တပ်ဖို့အတွက် လွယ်ကူအောင် VESA Mount ကို Quick Release ထည့်သွင်းပေးထားပါတယ်။ နောက်ထပ်လည်း USB Hub ကို ထပ်မံဝယ်ယူဖို့မလိုအပ်အောင် USB 3.0 Port ၂ ခုကလည်း ပါဝင်ဦးမှာပါ။
ကျန်တဲ့ Cable Management ပြုလုပ်ဖို့အတွက်လည်း သီးသန့်နေရာပြုလုပ်ပေးထားပြီး Monitor Arm Design ကလည်း Premium ဆန်တဲ့ Design ကို ပြုလုပ်ထားတာဖြစ်ပါတယ်။ စားပွဲမှာ အသုံးပြုဖို့အတွက်ကလည်း စားပွဲမှာ ညှပ်ပြီး အသုံးပြုနိုင်သလို အပေါက်ပါဝင်တဲ့ စားပွဲတွေအတွက်လည်း Grommet ပုံစံအသုံးပြုနိုင်ပါသေးတယ်။