သင်ဟာ တကယ်လို့ ကွန်ပျူတာရှေ့မှာ တနေကုန်ထိုင်ပြီး အလုပ်လုပ်နေရတယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်ဖို့ အခွင့်အလမ်းများနေပါတယ်။ ထိုင်တဲ့ပုံစံမမှန်နေဘူးဆိုရင် ခါးထိခိုက်တာမျိုးကနေ စပြီးနောက်ပိုင်းမှာ ဆီးချို၊ သွေးချို၊ နှလုံးရောဂါလိုမျိုးအထိ ဖြစ်ပွားနိုင်ခြေရှိပါတယ်။
အဲ့ဒီအတွက် ကျန်းမာရေးအတွက် အချိန် ၂ နာရီမှ ၄ နာရီဝန်းကျင် ဆက်တိုက်အလုပ်လုပ်နေရရင် မိနစ် ၂၀ ဝန်းကျင်ခန့်အနားပေးဖို့ကို ညွှန်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ခတ္တအနားပေးတာအပြင် လူအတော်များများ ဆောင်ရွက်ဖို့အားနည်းတဲ့အချက်တစ်ခုရှိနေပါသေးတယ်။ ဒါကတော့ ပုံမှန်ထိုင်ပြီး အလုပ်လုပ်တာအပြင် မတ်တပ်ရပ်ပြီး Standing Position အနေနဲ့ အလုပ်လုပ်တာပဲဖြစ်ပါတယ်။
ဒီလိုမျိုး မတ်တပ်ရပ်ပြီး အလုပ်လုပ်တာက အမြဲတမ်းအလုပ်လုပ်စရာလည်း မလိုအပ်ပါဘူး။ လေ့လာချက်တွေအရ တစ်နေ့မှာ ၄ နာရီအထက်အလုပ်လုပ်နေရတဲ့သူတွေအတွက် မိနစ် ၃၀ ခန့် မတ်တပ်ရပ်ပြီး Standing Position နဲ့အလုပ်လုပ်တာက ကိုယ့်ကျန်းမာရေးအတွက် ကောင်းကျိုးအများအပြားရရှိမှာဖြစ်ပါတယ်။
အခု Article မှာတော့ Sit-Stand Desk ကို အသုံးပြုတာရဲ့ ကျန်းမာရေးအတွက် ဘယ်လိုမျိုးကောင်းကျိုးတွေရရှိနိုင်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
- ခါးနာခြင်းကို လျော့ကျပေးနိုင်ခြင်း
ခါးနာခြင်းဟာ လူငယ်တွေအတွက် ဖြစ်လေ့မရှိပေမယ့် လူငယ်ပိုင်းအသက်အရွယ်မှာထဲက ဂရုစိုက်ခြင်းမရှိဘူးဆိုရင် လူလတ်ပိုင်း နဲ့ လူကြီးပိုင်းမှာ ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ လေ့လာချက်တွေအရ တစ်နေ့မှာ ၆၆ မိနစ်ခန့် မတ်တပ်ရပ်ပြီး Standing Position နဲ့အလုပ်လုပ်တာက ခါးအပေါ်ပိုင်းနဲ့ ဇက်ကြောနာခြင်းတွေကို ၅၄ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်မှာပါ။
- နှလုံးရောဂါဖြစ်ပွားနိုင်တဲ့ အခွင့်အလမ်းကို လျော့ချပေးနိုင်ခြင်း
ပြီးခဲ့တဲ့ ၁၉၅၃ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ တချိန်လုံးထိုင်နေရတဲ့ Bus Driver တွေထက် မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့ Bus Conductor တွေက နှလုံးရောဂါ သို့မဟုတ် ဆက်စပ်ရောဂါ ဖြစ်ပွားပြီး သေဆုံးမှုနှုန်းက ထက်ဝက်ပဲရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိအချိန်အထိ ပြုလုပ်နေတဲ့ လေ့လာချက်တွေအရ ခတ္တပဲဖြစ်ဖြစ် မတ်တပ်ရပ်ပြီး အလုပ်လုပ်တာက နှလုံးရောဂါဖြစ်ပွားမှုကို သိသိသာသာလျော့ချပေးမှာဖြစ်ပါတယ်။
- ကိုယ်အလေးချိန်တိုးလာခြင်း နှင့် အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
ကိုယ်အလေးချိန်တိုးလာတယ်၊ အဝလွန်ခြင်းဖြစ်ပွားတယ်ဆိုတာက ကိုယ်ခန္ဂာကလောင်ကျွမ်းပေးနိုင်တဲ့ ပမာဏထက် ပိုပြီးကယ်လိုရီတွေကို Consume ပြုလုပ်မိတာကြောင့်ဖြစ်ပါတယ်။ စစ်တမ်းတွေအရ တနေကုန်ထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေရဲ့ ၄၄ ရာခိုင်နှုန်းဝန်းကျင်က ကိုယ်အလေးချိန်ပုံမှန်ထက် တက်လာတယ်လို့ ပြောကြားခဲ့ပြီး အဲ့ဒီထဲက ၅၃ ရာခိုင်နှုန်းဝန်းကျင်က ထိုင်ခုံမှာ တနေကုန်ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ဖြစ်တယ်ဆိုပြီး ယုံကြည်ထားကြပါတယ်။
ဒါပေမယ့် တနေကုန်အလုပ်လုပ်နေတဲ့အချိန်မှာ မတ်တပ်ရပ်ပြီး အလုပ်လုပ်မယ်ဆိုရင် တစ်နာရီကို ကယ်လိုရီ ၅၀ အထိ လောင်ကျွမ်းပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တနေကုန် ၃ နာရီခန့် မတ်တပ်ရပ်ပြီး အလုပ်လုပ်မယ်ဆိုရင် တစ်ပတ်ကို ကယ်လိုရီ ၇၅၀ ဝန်းကျင်လောင်ကျွမ်းပေးမှာဖြစ်ပါတယ်။ ဒီနှုန်းအတိုင်း ၁ နှစ်လုံးပြုလုပ်နိုင်မယ်ဆိုရင် ကယ်လိုရီပေါင်း ၃၀,၀၀၀ ဝန်းကျင်အထိ လောင်ကျွမ်းပေးမှာဖြစ်ပြီး အဆိုပါ ပမာဏဟာ ခန္ဓာကိုယ်အဆီပို ၈ ပေါင်နဲ့ ညီမျှသလို ၁ နှစ်ကို မာရသွန် ၁၀ ခေါက်ပြေးတာနဲ့ ညီမျှမှာဖြစ်ပါတယ်။
- သွေးတွင်းသကြားပါဝင်မှုနှုန်းနဲ့ ဆီးချိုသွေးချိုဖြစ်ပွားနိုင်နှုန်းကို လျော့ချပေးခြင်း
နေ့လည်စာ၊ ညနေစာလိုမျိုး သုံးဆောင်ပြီးတဲ့အချိန်မှာ သွေးတွင်း သကြားပါဝင်မှုနှုန်းမြင့်တက်တာက ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားပါဝင်မှုနှုန်းက သိသိသာသာမြင့်တက်လာပြီဆိုရင်တော့ ဆီးချို၊ သွေးချိုဖြစ်ပွားနိုင်ခြေကိုပါ တိုးလာစေမှာဖြစ်ပါတယ်။
အဲ့ဒီအတွက်ကြောင့် စားပြီးတဲ့အချိန်မှာ မတ်တပ်ရပ်ပြီးအလုပ်လုပ်မယ်ဆိုရင် သွေးတွင်းသကြားပါဝင်မှုနှုန်းမြင့်တက်မှုကို သိသိသာသာလျော့ကျစေပြီး မတ်တပ်ရပ်တဲ့ကြာချိန်ပေါ်မှုတည်ပြီး ၁၁.၁ ရာခိုင်နှုန်းကနေ ၄၃ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ စစ်တမ်းတွေအရ သိရှိပါတယ်။ အဲ့ဒါကြောင့် ဆီးချိုသွေးချိုဖြစ်ပွားနိုင်ခြေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။
- အလုပ်လုပ်ချင်တဲ့စိတ်ကို ပိုဖြစ်စေပြီး ကိုယ့် Productivity ကို မြှင့်တင်ပေးခြင်း
ဒါကတော့ ကျန်းမာရေးကောင်းကျိုးထက် ကိုယ့်ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ပိုပြီး သက်ဆိုင်မှာဖြစ်ပါတယ်။ အမြဲတမ်းထိုင်ပြီး အလုပ်လုပ်နေရတာဟာ ခန္ဓာကိုယ်ကို နှုန်းချိစေပြီး စိတ်အနေနဲ့လည်း ပျင်းရိလာတတ်ပါတယ်။ အဲ့ဒီလိုမျိုး အချိန်မှာ မတ်ပတပ်ရပ်ပြီး အလုပ်လုပ်တာက စိတ်ကို သိသိသာသာအလုပ်ပိုလုပ်ချင်စိတ်ကို ဖြစ်စေနိုင်ပြီး Mental Alertness ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
နောက်ထပ်အားသာချက်ကတော့ မတ်တပ်ရပ်ပြီး စာရိုက်မယ်ဆိုရင် လက်ကို Keyboard အပေါ်မှာထားပြီး တပြေးတည်း စာရိုက်နိုင်တာကြောင့် ထိုင်ခုံမှာထိုင်ပြီး စာရိုက်ရတာထက် ပိုပြီး လက်ညောင်းတာကို သက်သာစေနိုင်ပါတယ်။ Productivity ကို မြှင့်တင်ပေးနိုင်တာက အားသာချက်ပေမယ့် တစ်ခုရှိတာကတော့ Laptop Display သို့မဟုတ် Monitor ကို အတတ်နိုင်ဆုံး သက်သောင့်သက်သာကြည့်ရှုနိုင်တဲ့ Eye Level မှာပဲ ထားပြီး အသုံးပြုသင့်ပါတယ်။
အခုပြောသွားတဲ့အချက်တွေကတော့ မတ်တပ်ရပ်ပြီး Standing Position အနေနဲ့ အလုပ်လုပ်တာကနေရရှိနိုင်မယ့် ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး Standing Position အနေနဲ့ အလုပ်လုပ်ဖို့အတွက် လိုအပ်တာကတော့ Sit-Stand Desk တွေပဲဖြစ်ပြီး တကယ်လို့ Laptop Stand အနေနဲ့ရော၊ Portable Standing Desk အနေနဲ့ပါ အသုံးပြုချင်တယ်ဆိုရင်လည်း iSure မှာ နာမည်ကြီး MOFT Brand ကနေထုတ်လုပ်ပေးထားတဲ့ MOFT Z Sit-Stand Laptop Desk ကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
MOFT Z Sit-Stand Laptop Desk ဟာ Origami Z Structure ကို အခြေခံပြီး တည်ဆောက်ထားတဲ့ ပထမဆုံး Sit-Stand Desk ဖြစ်ပြီး တခြားသော Laptop Stand တွေအားလုံးထက် ကွဲထွက်နေမှာဖြစ်ပါတယ်။ စားပွဲပေါ်မှာ အထိုင်အနေနဲ့ အသုံးပြုမယ်ဆိုရင် ပုံစံ ၄ မျိုးအထိ သုံးစွဲနိုင်တာကြောင့် ကိုယ်အတွက် အကောင်းဆုံး Angle မှာ ထားပြီး အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ Stand Mode အနေနဲ့ Laptop ကို တင်သုံးတဲ့အချိန်မှာ ခိုင်ခံ့အောင်ပြုလုပ်ပေးထားသလို အလေးချိန်ကိုလည်း ၂၂ ပေါင်အထိ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ အပြင်ကို သယ်သွားတဲ့အချိန်မှာလည်း ခေါက်ပြီး သယ်သွားနိုင်တဲ့အပြင် ပုံမှန် File တစ်ခုထက်တောင် ပါးလွှာနေမှာဖြစ်ပါတယ်။ နောက်ဆုံးအားသာချက်ကတော့ Sitting Mode သို့မဟုတ် Stand Mode ကိုပြောင်းလဲမယ်ဆိုရင် အချိန်စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။
စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ပါတယ်။