Airpodspro 3gen Banner
Airpodspro 3gen Banner Mobile

Get It Now With These Amazing Offers.

We've Made It Easy For You.

Use points
Use Points

Get Discount

သင့် Reward Point များဖြင့် အောက်ဖော်ပြပါ Discount item များကို နီးစပ်ရာ Showroom တွင် လဲလှယ်ရယူနိုင်ပါသည်။

warranty_policy_icon

1 Year Apple Warranty

We provide best Warranty Policy so that you do not need to worry.
ဝယ်ယူပြီး (၁)ပတ်အတွင်း Factory Error ဖြစ်ပါက (၂၄)နာရီအတွင်း Warranty အပြည့် ပါသည့် အမျိုးအစားတူ နောက်တစ်လုံးလဲပေးပါသည်။

installment_plan_icon

Installment Plans

Buy the new AirPods with installment plans that fit your monthly budget.
iSure နှင့် ချိတ်ဆက်ထားသော Installment Plan များဖြင့်လည်း လစဉ်အရစ်ကျပေးသွင်း၍ iPhone 14 Series များ ဝယ်ယူနိုင်ပါသည်။

Participating Partners:

1 Year Apple

1 Year Apple Warranty

We provide best Warranty Policy so that you do not need to worry.

Trade in 1

Installment Plans

Buy the new iPhone with installment plans that fit your monthly budget.

NO EXTRA CHARGES

Pay Conveniently With

Multiple Payment Methods.

No matter how you choose to buy, we want you to be happy with your purchase. No extra charges for Bank Transfers, Digital Wallets & MPU Payments.

Keep Your Ears Happy.

Get Your Perfect Airpods Today.

airpods_pro

AirPods ProNew

2nd Generation

AirPods ProNew

2nd Generation
airpods

AirPods

3rd Generation

AirPods

3rd Generation
airpods_max

AirPods Max

AirPods Max

We Know You Will Ask.

AirPods Pro 1st Gen နှင့် AirPods Pro 2nd Gen ဘာတွေ ကွာခြားသွားသလဲ?
  • AirPods Pro 2nd Gen ဟာ အပြင်ပန်းဒီဇိုင်းပိုင်းမှာ AirPods Pro 1st Gen နှင့် ဆင်တူပေမယ့် အဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်ထားပါတယ်။ Charging Case ကို Find My App မှတစ်ဆင့်ရှာဖွေနိုင်ပြီဖြစ်သလို Low Battery ၊ Find My ဖြင့် ရှာဖွေသည့်အချိန်မှာ Warning Sound ကို ထုတ်ပေးနိုင်တဲ့ Speaker ပါဝင်လာပြီဖြစ်ပါသည်။ ဒါ့အပြင် Charging Case မှာ Lanyard ကြိုးတွေချိတ်ထားနိုင်ဖို့အတွက် အပေါက်လည်းပါဝင်မှာဖြစ်ပါတယ်။
  • AirPods Pro 2nd Gen ဟာ H2 Chip ကို အသုံးပြုထားပြီး Active Noise Cancellation (ANC) ပိုင်းမှာ ယခင်ထက် ၂ ဆ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ Transparency Mode အနေနဲ့လည်း Adaptive Transparency Mode ပါဝင်လာမှာဖြစ်ပြီး ယခင်ထက် ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ နားအရွယ်အစားသေးငယ်တဲ့သူတွေအတွက် XS Size Eartips ပါဝင်လာသလို Battery Life အနေနဲ့လည်း ANC ဖြင့် ၆ နာရီဆက်တိုက်၊ Charging Case ဖြင့်တွဲဖက်ပြီး နာရီ ၃၀ အထိ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ AirPods တွေကနေ တိုက်ရိုက် Volume Control ပါဝင်လာသလို ပြန်လည်အားသွင်းတဲ့အချိန်မှာလည်း Lightning ၊ Wireless Charging ၊ MagSafe Charging တွေအပြင် Apple Watch Charger နှင့်ပါ အားသွင်းနိုင်ပါပြီ။
AirPods Pro 2nd Gen နှင့် AirPods 3 ဘာကို ရွေးချယ်သင့်သလဲ?
  • AirPods Pro 2nd Gen နှင့် AirPods 3 ဟာ မတူညီတဲ့ Product ၂ ခုလို့တောင် ပြောနိုင်ပြီး ကိုယ့်အကြိုက်ပေါ်မှုတည်ပြီး ရွေးချယ်ရမှာဖြစ်ပါသည်။ AirPods 3 ဟာ Active Noise Cancellation ပါဝင်ခြင်းမရှိဘဲ Silicon Eartips အစား လူတိုင်းရဲ့ နားပုံစံနဲ့ကိုက်ညီအောင် အသုံးပြုနိုင်တဲ့ Earbuds Design ကို အသုံးပြုထားပါတယ်။ တစ်ဖက်မှာတော့ AirPods Pro 2nd Gen ဟာ ယခင် AirPods Pro 1st Gen ထက် ၂ ဆပိုမိုကောင်းမွန်တဲ့ Active Noise Cancellation (ANC) စနစ်ပါဝင်တာကြောင့် ပြင်ပဆူညံသံတွေကို ဖယ်ရှားနိုင်ဖို့အတွက် ပိုမိုသင့်တော်မှာဖြစ်ပါတယ်။
  • AirPods Pro 2nd Gen နှင့် AirPods 3 တွေဟာ Battery Life ပိုင်းမှာ ဆက်တိုက်နားထောင်ချိန် ၆ နာရီနှင့် Charging Case ဖြင့် တွဲဖက်ပြီး နားထောင်ချိန် နာရီ ၃၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပြန်လည်အားသွင်းတဲ့အချိန်မှာ ၂ မျိုးစလုံး Lightning ၊ Wireless Charging နှင့် MagSafe Charging တွေကိုထောက်ပံ့ထားပြီး AirPods Pro 2nd Gen အနေနဲ့ Apple Watch Charger ဖြင့်ပါ အားသွင်းနိုင်မှာဖြစ်ပါတယ်။
AirPods Max ကို အခုအချိန်မှာ ဝယ်ယူသင့်သေးသလား?
  • AirPods Max ဟာ လက်ရှိ Apple ကနေ ထုတ်လုပ်ထားတဲ့ တစ်ခုတည်းသော Headphone ဖြစ်ပြီး အရည်အသွေးပိုင်း၊ ဒီဇိုင်းပိုင်းမှာ Flagship အဆင့်ရှိနေဆဲဖြစ်ပါတယ်။ Active Noise Cancellation ပိုင်းမှာ အကောင်းဆုံးအဆင့်ရှိနေမှာဖြစ်တဲ့အပြင် Over-ear Headphone ဒီဇိုင်းဖြစ်သည့်အတွက် အသံအရည်အသွေးပိုင်းမှာ High-fidelity အသံထွက် အစစ်အမှန်ကို ခံစားနိုင်မှာဖြစ်ပြီး အချိန်ကြာမြင့်စွာတပ်ဆင်ထားလည်း သက်သောင့်သက်သာဖြစ်စေမယ့် Earpads Cushion တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒီအတွက် ကိုယ်က အကောင်းဆုံးသော အသံအရည်အသွေးကို နားဆင်ချင်တယ်၊ Build Quality ပိုင်းမှာလည်း Premium ဆန်တဲ့ Over-ear Headphone ကို ရှာဖွေနေတယ်ဆိုရင် AirPods Max ဟာ အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။
AirPods Pro ရဲ့ Silicone Eartips တွေက ကိုယ့်နားနဲ့အဆင်ပြေပါ့မလား? အချိန်ကြာကြာတပ်သုံးရင် နားနာနိုင်မလား?
  • AirPods Pro 1st Gen နှင့် 2nd Gen တွေဟာ Silicone Eartips Design ကို ပြောင်းလဲအသုံးပြုထားပြီး အကောင်းဆုံးသောအသံအရည်အသွေးကို ရရှိဖို့နဲ့ နား နာကျင်မှုမရှိစေဖို့အတွက် ကိုယ့်နားနှင့် ကိုက်ညီတဲ့ Silicone Eartips Size ကို ရွေးချယ်တပ်ဆင်သင့်ပါတယ်။
  • AirPods Pro 1st Gen မှာ S ၊ M ၊ L ဆိုပြီး Eartips Size ၃ မျိုးပါဝင်သလို AirPods Pro 2nd Gen မှာတော့ နားအရွယ်အစားသေးငယ်တဲ့သူတွေအတွက် XS Size ကိုပါ အသစ်ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် မိန်းကလေးတွေနဲ့ နားအရွယ်အစားသေးငယ်တဲ့သူတွေအတွက် AirPods Pro 2nd Gen ကို ပိုရွေးချယ်သင့်ပါတယ်။ ကိုယ့်နားနဲ့ Silicone Eartips တွေ Fit ဖြစ်မဖြစ်ကိုလည်း Settings အတွင်းမှာရှိတဲ့ Eartips Fit Test မှတစ်ဆင့် စစ်ဆေးနိုင်ပါတယ်။
ဖုန်းပြောဆိုဖို့အတွက် ဘယ် AirPods က အဆင်ပြေဆုံးလဲ?
  • AirPods တွေဟာ တခြားသော Wireless Earbuds နှင့် Headphone တွေထက် Microphone အရည်အသွေးပိုင်းမှာ ပိုမိုကောင်းမွန်တာကြောင့် ဖုန်းပြောဆိုမှုပိုင်းမှာ ကြည်လင်ပြတ်သားတဲ့အသံအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
  • တကယ်လို့ ဆူညံသံများပြားတဲ့ပတ်ဝန်းကျင်မှာ ဖုန်းပြောဆိုမှုတွေ ပြုလုပ်မယ်ဆိုရင် Active Noise Cancellation ပါဝင်တဲ့ AirPods Pro 1st Gen နှင့် AirPods Pro 2nd Gen တွေကို ရွေးချယ်သင့်ပါတယ်။ AirPods Pro 2nd Gen မှာဆိုရင် Adaptive Transparency Mode ပါဝင်လာတဲ့အတွက် ဖုန်းပြောဆိုနေတဲ့အချိန်မှာ ပြင်ပစကားပြောသံတွေကိုပါ ကြည်လင်ပြတ်သားစွာကြားနိုင်စေမှာဖြစ်ပါတယ်။
  • ဖုန်းပြောနေတဲ့အချိန် Battery Life ပိုင်းမှာလည်း AirPods Pro 1st Gen ဟာ ၃.၅ နာရီအသုံးပြုနိုင်မှာဖြစ်ပြီး AirPods 3 ကတော့ ၄ နာရီဆက်တိုက် ပြောဆိုနိုင်မှာဖြစ်ပါတယ်။ AirPods Pro 2nd Gen အနေနဲ့ကတော့ ၄.၅ နာရီအထိ ဆက်တိုက်ပြောဆိုနိုင်တာကြောင့် Battery Life ပိုင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။
Wishing You A Happy Thadingyut Festival

ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါ သမယလေး ဖြစ်ပါစေ။

Wishing You A Happy Thadingyut Festival

ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါ သမယလေး ဖြစ်ပါစေ။

Start typing to see products you are looking for.
Shopping cart
Sign in

No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09969911666

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။