Blog

360 protect blog 1

Apple Device တွေအတွက် အရေးကြီးတဲ့ 360 Protection

Apple Device တွေကို သုံးနေပြီဆိုတာနဲ့ အလုပ်အတွက် Professional ကျကျအသုံးချချင်တာပဲဖြစ်ဖြစ်၊ အရည်အသွေးကောင်းတဲ့ ပစ္စည်းကို အချိန်ကြာကြာအသုံးပြုချင်တာကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။

ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ Apple Device တွေကို ပွန်းရာ၊ ခြစ်ရာထင်မှာ ထိခိုက်မိမှာကိုတော့ ဘယ်သူမှလိုချင်မှာမဟုတ်ပါဘူး။ ဒီအတွက် Device တွေကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့အပြင် အသုံးပြုရတဲ့ User Experience တွေကိုပါ မြှင့်တင်ပေးနိုင်တဲ့ Cover ၊ Case လိုမျိုး ပစ္စည်းလေးတွေလည်း လိုအပ်မှာဖြစ်ပါတယ်။

ဒါကြောင့် iSure ကနေ ဒီလိုမျိုး Apple Device တွေကို ကာကွယ်ချင်တဲ့သူတွေအတွက် 360 Protection Collection လေးကို ညွှန်းပေးချင်ပါတယ်။

အခု iSure ရဲ့ 360 Protection Collection ထဲမှာဆိုရင် iPhone အတွက် Cover ၊ Case တွေ၊ Camera Lens ကို ကာကွယ်နိုင်မယ့် Lens Protector တွေ၊ Aluminum Bumper Case တွေ အစရှိတဲ့ ကိုယ့်စိတ်ကြိုက် အကောင်းဆုံးကာကွယ်မှုပေးနိုင်တဲ့ပစ္စည်းတွေကို ရွေးချယ်နိုင်စေမှာဖြစ်ပါတယ်။ iPhone 12 Series ၊ iPhone 13 Series ဖုန်းတွေအတွက်လည်း MagSafe Support ပြုလုပ်တဲ့ Accessories လေးတွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီလိုမျိုးပဲ iPad မျိုးစုံအတွက် Screen Protector ၊ Cover ၊ Case တွေ၊ Smart Keyboard Folio Case ၊ Smart Case နဲ့ Stand တွေလည်း ဝယ်ယူနိုင်မှာပါ။ MacBook အတွက်လည်း ပုံမှန် Hardshell ၊ MacBook Sleeve တွေအပြင် Screen Protector ၊ Keyboard Protector အစရှိသဖြင့် လုံးဝကို ကာကွယ်မှုပေးနိုင်မယ့် ပစ္စည်းအစုံကို ရွေးချယ်နိုင်ပါတယ်။ တခြား Apple Watch လိုမျိုး Gadget တွေအတွက်ပါ Watch Protective Case တွေ၊ Screen Protector တွေကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင်က Apple Device သုံးနေတယ်၊ မတော်တဆ ထိခိုက်မှုတွေကိုလည်း မဖြစ်စေချင်ဘူးဆိုရင် ဒီ iSure ရဲ့ 360 Protection Collection လေးက သင့်အတွက် တစ်နေရာတည်းမှာ အကုန်လုံးရရှိနိုင်စေမှာသေချာပါတယ်။

Older

Sit-Stand Desk နဲ့ အလုပ်လုပ်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ

Newer

iPad နဲ့ MacBook တွေအတွက် OLED Display ထုတ်ပေးမယ့် LG

Start typing to see products you are looking for.
Shopping cart
Sign in

No account yet?

Create an Account

Delivery

Same Day Delivery ဝန်ဆောင်မှုအား (ရန်ကုန်နှင့်မန္တလေး)သာ ရရှိနိုင်ပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09969911666

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။